ကျောင်းအုပ်ကြီး၏ နှုတ်ခွန်းဆက်စကား
 |
|
This is the photo title |
ကျွန်တော်တို့၏ စက်မှုသင်တန်းကျောင်း(မန္တလေး)ကို မိတ်ဆက်ခွင့်ရရှိတဲ့အတွက် လွန်စွာ ဝမ်းသာဂုဏ်ယူမိပါတယ်။ သင်တန်းကျောင်းအပေါ်စိတ်ဝင်စာပြီး ဝင်ရောက်လေ့လာကြည့်ရှုကြသူ တစ်ဦးချင်းစီကိုလည်း လှိုက်လဲစွာ ကြိုဆိုပါတယ်။
ကျွန်တော်တို့ကျောင်းအနေဖြင့် သင်တန်းသားများကို အသိပညာနှင့် ကျွမ်းကျင်မှု ပြည့်ဝစွာဖြင့် လုပ်ငန်းခွင် ဝင်ရောက်နိုင်ရေးအတွက် ပြုစုပျိုးထောင်ပေးလျက်ရှိပါတယ်။ ကျွန်တော်တို့ကျောင်းဟာ လက်တွေ့လုပ်ငန်းခွင် ဝင်ရောက်မည့်သူများကို လေ့ကျင့်ပျိုးထောင်ပေးသည့် ကျောင်းဖြစ်၍ သင်တန်းများတွင် စာတွေ့ကို ၃၀% နှင့် လက်တွေ့ကို ၇၀% အချိုးဖြင့် သင်ကြားပေးလျက်ရှိပါတယ်။
တက်ရောက်သင်ကြားနိုင်တဲ့ ဘာသာရပ်အနေဖြင့် Mechainical Draughtsman Course, Conventional Machine Tool Operator Course, CNC Machine Tool Operator Course, Electrical Fitter Course နှင့် Welding, Electro-plating & Surface Treatment Course ဟူ၍ ဘာသာရပ်(၅)ခု ရှိပါတယ်။ သင်တန်းကျောင်းမှ နှစ်စဉ် ကျွမ်းကျင်လုပ်သား (၂၅၀)ဦးခန့်ကို မွေးထုတ်ပေးလျက်ရှိပါတယ်။ အခြားသိရှိလိုသည်များ ရှိပါက Contact Us မှတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါတယ်။
အမှတ်(၂)စက်မှုသင်တန်းကျောင်း (မန္တလေး) သမိုင်းအကျဉ်း
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အထောက်အပံ့ကို Institute of Planning and Project Research-IPPR Engineering International အဖွဲ့အစည်းက စက်မှုဝန်ကြီးဌာနနှင့် အတူ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ (၂၉-၁၀-၂၀၀၈) ရက်နေ့တွင် လွှဲပြောင်းလက်ခံခဲ့ပြီး အမှတ်စဉ်(၁) သင်တန်းကို (၁၆-၁၀-၂၀၀၈)နေ့၌ စတင်ဖွင့်လှစ်ခဲ့ပါသည်။ မြန်မာနည်းပြ (၄၃)ဦးကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ ကူမင်းသိပ္ပံနှင့် နည်းပညာတက္ကသိုလ်တွင် (၅)လကြာ နည်းပညာသင်တန်းများ လေ့ကျင့်သင်ကြားခဲ့ပါသည်။
အမှတ်(၂)စက်မှုသင်တန်းကျောင်း(မန္တလေး)သည် တရုတ်ယွမ်ငွေ သန်း(၃၀)နှင့် နိုင်ငံတော်အစိုးရမှ စိုက်ထုတ်ငွေ (၄၇၄၅.၈)ကျပ်သန်း ဖြင့်တည်ထောင်ခဲ့ပါသည်။ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်တွင် တည်ရှိပါသည်။ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသော သင်တန်း(၆)မျိုးရှိပြီး သင်တန်းကာလမှာ (၁)နှစ်ဖြစ်ပါသည်။ သင်တန်းအမည်နှင့် သင်တန်းသားအရေအတွက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
- ၁။ စက်မှုပုံဆွဲသင်တန်း (Mechanical Draughtsman Course) - ၃၀ ဦး
- ၂။ စက်ခုတ်စားမှုစက်ကိရိယာများ ကိုင်တွယ်မောင်းနှင်မှုသင်တန်း (Conventional Machine Tool Operator Course) - ၃၀ ဦး
- ၃။ ကွန်ပျူတာသုံး စက်ခုတ်စားမှုစက်ကိရိယာများ ကိုင်တွယ်မောင်းနှင်မှု သင်တန်း (CNC Machine Tool Operator Course) - ၃၀ ဦး
- ၄။ လျှပ်စစ်ပညာသည် သင်တန်း (Electrical Fitter Course) - ၃၀ ဦး
- ၅။ ကွန်ပျူတာနှင့် ကွန်ပျူတာသုံး ဒီဇိုင်းထုတ်လုပ်မှုသင်တန်း (Computer and CAD/CAM Course) - ၃၀ ဦး
- ၆။ ဂဟေဆော်ခြင်း၊ မျက်နှာပြင်အရောင်တင်ခြင်းနှင့် အမာတင်သင်တန်း (Welding, Electro-plating & Surface Treatment Course) - ၃၀ ဦး
သင်တန်းကျောင်း စီမံခန့်ခွဲရေး အဖွဲ့
သင်တန်းကျောင်း စီမံခန့်ခွဲမှုအဖွဲ့ကို ကျောင်းအုပ်ကြီး၊ ကျောင်းအုပ်၊ အုပ်ချုပ်မှုထာနမှူး၊ သင်တန်းအလိုက်ဌာနမှူးများ စသည်ဖြင့် စုပေါင်းဖွဲ့စည်းထားပါသည်။ သင်တန်းကျောင်း၏ ဘက်စုံဖွံဥ ဖြိုးရေး၊ သန့်ရှင်းလှပရေး သင်တန်းသားများ စည်းကမ်းထိန်းသိမ်းရေး စသည့်တာဝန်များကို သက်ဆိုင်ရာ ဆပ်ကော်မတီများမှ ဆောင်ရွက်ပါသည်။
စီမံခန့်ခွဲရေး အဖွဲ့ အဖွဲ့ဝင်များ
မထမတန်း ဝဲမှ ယာ - ဦးတင်အေး၊ ဦးလှဌေး၊ ဦးတင်အောင်၊ ဦးထိန်လင်းဦး
ဒုတိယတန်း ဝဲမှ ယာ - ဒေါ်စံပယ်ဦး၊ ဒေါ်ခင်မွေးရီ၊ ဒေါ်မြင့်မြင့်ဆွေ ဒေါ်မေလှမြိုင်
အမှတ်(၂)စက်မှုသင်တန်းကျောင်း (မန္တလေး)၏ တည်နေရာ